Keyman အတွင်း Keyboard လက်ကွက်ထည့်သွင်းနည်း

မြန်မာစာယူနီကုဒ်ကို အသုံးပြုသုံးများအနေဖြင့် စာရိုက်ရန်အတွတ် Keyman ကိုလည်း အသုံးပြုနိုင်ပါတယ်။အဆိုပါ Keyman မှာ မိမိစိတ်ကြိုက် လက်ကွက်ကို ထည့်သွင်းရန်အတွတ် အောက်တွင် လုပ်ဆောင်နည်းအဆင့်ဆင့်ကို ပြသပေးသွားပါမယ်၊။ဒီမှာတော့ ပြည်ထောင်စုလက်ကွက်ကို နမူနာအနေနဲ့ ထည့်သွင်းပြသပေးသွားမှာလည်း ဖြစ်ပါတယ်၊။

အဆင့်( ၁ )

အောက်တွင်းပေးထားသောလင့်မှပြည်ထောင်စုလက်ကွက်ကိုရယူပါ။ဒေါင်းယူထားသော ပြည်ထောင်စုလက်ကွက်ကို ဘယ်ဖိုင်မှာ သိမ်းထားလဲဆိုတာ သေချာမှတ်ထားပါ

Pyidaungsu MM.kmx

 

အဆင့်( ၂ )

Keyman icon လေးကိုနှိပ်ပြီး configuration ကိုနှိပ်ပါ

အဆင့်( ၃)

ဇယားကွက်ပေါ်လာပြီဆိုရင် Install keyboard ကိုနှိပ်ပါ။ခုနတုန်းက ဒေါင်းယူထားတဲ့ ပြည်ထောင်စုလက်ကွက်ကို သိမ်းထားတဲ့ ဖိုင်ဆီရောက်အောင် သွားပါ၊ပြီးရင် Pyidaungsu MM ဆိုတဲ့လက်ကွက်ကို ကလစ်နှိပ်ပြီး Open နှိပ်ပါ

 

အဆင့်( ၄ )

အခုဆို Keyman ထဲကို ပြည်ထောင်စုလက်ကွက်ရောက်သွားပြီဖြစ်လို့ ရွေးချယ်အသုံးပြုနိုင်ပါပြီ

Facebook Comments