Keyman ထည့်သွင်းနည်း

Keymagic ကဲ့သို့ အသုံးပြုပုံတူညီတဲ့ နောက်ထပ် Keyboard လက်ကွက်တခုကတော့ Keyman ပဲဖြစ်ပါတယ်။ Keyman ကို ယခင်က အခကြေးငွေဖြင့်သာ သုံးစွဲခွင့်ရခဲ့ပါတယ်။ အခု ၂၀၁၇, ဩဂုတ်လ ၂၃ မှစပြီး အခမဲ့ဖြစ်သွားပါပြီ။ Keyman ကို Windows, Mac, iPhone, iPad, Android စသည်ဖြင့် သက်ဆိုင် စနစ်များဖြင့် သုံးစွဲနိုင်အောင် ထုတ်လုပ်ပေးထားပါတယ်။
အခု Windows Version အတွက် ထည့်သွင်းသုံးစွဲနိုင်အောင် ဖေါ်ပြပေးပါမယ်။  Internet Explorer 9 အထက်ဖြစ်ရပါမယ်။

Keyman Desktop 10 ဒေါင်းယူရန်

ဒေါင်းယူထားတဲ့ဖိုင်လေးကိုကလစ်နှစ်ချက်နှိပ်ပြီး install တင်ရပါမယ်။Install Keyman Desktop ကိုနှိပ်ပါ။Install တင်နေတုန်းခဏစောင့်ပေးရပါမယ်။ပြီးသွားရင်အောက်ကပုံအတိုင်းတက်လာပါလိမ့်မယ်။

ဒီ Keyman မှာမြန်မာစာလက်ကွက် ၃ မျိုးပါဝင်ပြီးတော့အဓိကအသုံးပြုကြတဲ့ မြန်မာ ၃ လက်ကွက်လည်းပါဝင်ပါတယ်။ myWin နှင့် myWinExt လက်ကွက်များကတော့ Win Font လက်ကွက်များအတိုင်း ပြုလုပ်ထားတာဖြစ်ပါတယ်။Myanmar3std လက်ကွက်ကတော့ Myanmar3 လက်ကွက်အတိုင်းပဲဖြစ်ပါတယ်။ ဒီလက်ကွက် သုံးမျိုးစလုံးဟာ မည်သည့် ယူနီကုဒ်ဖောင့်ကိုမဆို ရိုက်နှိပ်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။Start Keyman ကိုနှိပ်ပါ။

လက်ကွက်ဖြုတ်တာထပ်ထည့်တာတွေလုပ်ဖို့အတွတ် Configuration ကိုနှိပ်ပါ။

စာရိုက်နည်း

စာရိုက်နည်းကတော့မြန်မာ ၃ လက်ကွက်ဖြစ်တဲ့ Myanmar3std လက်ကွက် ရိုက်နှိပ်ပုံကိုဒီမှာကြည့်ပါ

Keyman နှင့်ပတ်သက်လို့ အသေးစိတ်လေ့လာ ချင်ရင်တော့ http://www.keyman.com မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

Facebook Comments