Windows 10 update 2018 (April Update) တွင် မြန်မာလက်ကွက် ၂မျိုးပါလာပြီ

ယခု Windows 10 update မှာ မြန်မာယူနီကုဒ် ရိုက်နှိပ်သုံးစွဲဖို့ရာ
1. Myanmar Phonetic Order Keyboard
2. Myanmar Visual Order Keyboard
ဆိုပြီး လက်ကွက် ၂ မျိုးပါဝင်လာပြီဖြစ်ပါတယ်။

Phonetic Order Keyboard ကတော့ ယခင်ကရှိပြီးသား Keyboard ဖြစ်ပါတယ်။ ဗျည်းစာလုံးများကို သရသင်္ကေတများဖြင့် သူ့အစဉ်အတိုင်း စာလုံးပေါင်းကာ သုံးစွဲရတဲ့ လက်ကွက်ဖြစ်ပါတယ်။
Visual Order Keyboard ကတော့ မြန်မာစာကို စသင်ခါစက ရွတ်ဆိုရတဲ့အတိုင်း ရိုက်နှိပ်သုံးစွဲနိုင်ပါတယ်။ တနည်းအားဖြင့် သင်ပုန်းကြီးဆိုရိုးအတိုင်း ရိုက်နှိပ်သုံးစွဲနိုင်ပါတယ်။ ဒါ့အပြင် အထက်၊အောက်စာလုံးများ ရိုက်နှိပ်သည့်အခါ မိမိနှစ်သက်သလို သို့မဟုတ် လက်ကျရာ ရိုက်နှိပ်သော်လည်း အလိုလျှောက် အမှန်ဖြစ်အောင် ပြန်စီစဉ်ပေးနိုင်ပါတယ်။ အဲဒီအချက်ဟာ ယခင်မြန်မာစာစနစ်များစွာကို သုံးစွဲနေသူများ အတွက် ပိုမိုအဆင်ပြေစေမှာဖြစ်ပါတယ်။
၎င်း Windows 10 ကို Update ပြုလုပ်လိုပါက Control Panel မှတဆင့် Update ပြုလုပ်နိုင်သလို ISO image file ကို အောက်ပါလင့်ကတဆင့် Download ရယူ၍ ပြုလုပ်နိုင်ပါတယ်။
https://www.microsoft.com/en-us/software-download/windows10
လက်ကွက်ဖွင့်ရန်နည်းလမ်းမှာ
Start->Setting->Time & Language->Region & Language သို့သွားပြီး language စာရင်းထဲတွင် myanmar or burmese ရိုက်ကြည့်ပါက “ မြန်မာ Burmese” ကိုတွေ့ရမည်ဖြစ်ပါသည်။ ထိုမှတဆင့် ရွေးကာ ဖွင့်သုံးနိုင်ပြီဖြစ်ပါတယ်။ အင်္ဂလိပ် နှင့် မြန်မာ ပြောင်းလိုပါက Windows logo key + Space bar နှိပ်၍ပြောင်းနိုင်ပါသည်။
Windows 7 လိုင်စင်ဗားရှင်း သုံးစွဲသူများအနေဖြင့်လည်း Windows 10 သို့အခမဲ့ Upgrade ပြုလုပ်နိုင်တယ်လို့သိရပါတယ်။

Facebook Comments