Keymagic ထည့်သွင်းနည်း

အဆင့်(၁)

အောက်တွင်ပေးထားသောလင့်မှ KeyMagic-V2.0Pre-4 ကိုဒေါင်းယူပါ။

KeyMagic-v2.0Pre-4

အဆင့်(၂)

ဒေါင်းလုဒ်ရယူထားသော KeyMagic-v2.0Pre-4 ဖိုင်အား zip ဖြည်ပါ။exe ဖိုင်အား Left Click နှစ်ချက်နိုပ်ပါ။Run ကိုနှိပ်ပါ။

အဆင့်(၃)

Yes ကိုနှိပ်ပါ။

အဆင့်(၄)

-ပြီးလျှင် I accept the agreement ဘေးရှိအစက်ကိုတစ်ချက်နှိပ်ပါ။

-ပြီးလျှင် Next ကိုနိုပ်ပါ။

-ပြီ:လျှင် Create a desktop shortcut လုပ်မလုပ်မေးပါလိမ့်မယ်။ လုပ်ချင်လျှင် Create a desktop shortcut ဘေးရှိ box တွင် အမှန်ခြစ်ပါ။ မလုပ်ချင်လျှင်လည်းရပါတယ်။

-ပြီးလျှင် Next ကိုနှိပ်ပါ။

Ready to Install box ကျလာလျှင် Install ကိုနှိပ်ပါ။

-ပြီးလျှင် Next ကိုနှိပ်ပါ။

အောက်ပါအတိုင်းပေါ်လာလျှင် KeyMagic-v2.0Pre-4 install တင်ခြင်းအောင်မြင်ပါပြီ။Finish ကိုနှိပ်ပါ။

−အောက်တွင်ပြထားသည့်အတိုင်း Windows taskbar တွင် keymagic icon ပုံလေးနဲ့တွေ့ရမည်ဖြစ်ပါသည်။

−အကယ်၍ Windows takbar တွင် Keymagi icon ကိုမတွေ့ရဖြစ်နေပါက အဆိုပါမြှားပုံiconကိုနှိပ်ကြည့်မှ keymagic icon ပုံကိုတွေ့ မြင်ရမည်ဖြစ်သည်။

−စာရိုက်ရန်လက်ကွက် keyboard အတွတ်တွင်မူ KeyMagic-v2.0Pre-4 အားအသုံးပြုထားပါသည်။မြန်မာစာရိုက်ရန်keyboard ပေါ်ရှိ Shift နှင့် Ctrl ကိုတွဲ၍နှိပ်ကာ အင်္ဂလိပ်/မြန်မာ နှစ်ဘာသာပြောင်းလဲနိုင်ပါသည်။မြန်မာလက်ကွက်တွင် keyboard ၅မျိုးထည့်သွင်းထား ပြီ:မိမိကြိုက်နှစ်သက်ရာပြောင်းလဲရန် keyboard ပေါ်ရှိ Ctrl ကိုဖိထားပြီ: Spacebar ကိုတစ်ချက်ခြင်းနှိပ်ပေးခြင်းဖြင့်ပြောင်းလဲအသုံး ပြုနိုင်ပါသည်။ဒါ့အပြင် Add ကိုနိုပ်၍မိမိနှစ်သက်ရာ Keyboard(.Km2) ကိုထည့်သွင်းအသုံးပြုနိုင်သလို Remove ကိုနိုပ်၍မိမိအသုံးမပြု လိုသည့် Keyboard ကိုဖယ်ထုတ်နိုင်ပါသည်။Keyboard များကိုဒီလင့်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

လက်ကွက်များရိုက်နည်းကိုလည်းအနည်းငယ်ဖော်ပြပေးလိုက်ပါတယ်။

ဇော်ဂျီ-ယူနီကုဒ်

ဇော်ဂျီလက်ကွက်အတိုင်းရိုက်နိုက်တဲ့ Keyboard ဖြစ်ပါသည်။


My-Win 2.3.0 Unicode 5.2

Win စာရိုက်စနစ်ကိုအ​ခြေခံထားသော Keyboard ဖြစ်ပါသည်။


မြန်စံ

အခြားယူနီကုဒ်ကီးဘုတ်များနှင့်မတူဘဲ ‘ယ’အက္ခရာနေရာပြောင်းလဲသွားသလို ‘ဏ္ဌ’ အက္ခရာလည်းပါဝင်လာပါတယ်။

 


Pyidaungsu MM

Pyidaungsu MM Keyboard အကြောင်းအနည်းငယ်ရှင်းပြချင်ပါတယ်။

 

ထည့်သွင်းနည်းကိုပိုပြီးသိရှိလိုပါက Keymagic အတွင်း Keyboard လက်ကွက်ထည့်သွင်းနည်း

တွင်လေ့လာနိုင်ပါတယ်။

Facebook Comments