Android တွင် Gboard နှင့် tt keyboard အသုံးပြု၍မြန်မာစာရေးသားနည်း

Android ဖုန်းတွေမှာ မြန်မာယူနီကုဒ်လက်ကွက်ဖြင့် ရေးသားနိုင်သော keybboard အမြောက်အများရှိပါတယ်။ဒီထဲမှာမှ အသုံးများတဲ့ Gboard keyboard နဲ့ tt keyboard တို့ကိုအသုံးပြုပြီး စာရေးသားပုံတို့ကို ရှင်းပြပေးသွားမှာလည်း ဖြစ်ပါတယ်။အရင်ဆုံး Gboard keyboard လင့်ကို အောက်တွင် ဒေါင်းယူလိုက်ပါ။Gboard keyboard ကိုတော့ andriod version အားလုံးမှာ အသုံးပြုနိုင်ပါတယ်။

Gboard – the Google Keyboard ရယူရန်

-ဒေါင်းလို့ရလာတဲ့ Gboard keyboard ကိုနှိပ်ပါ။
-Enable setting ကိုနှိပ်ပြီး Language and input setting ထဲက Gboard ကိုဖွင့်ပါ။
-Select inputmethod မှာ Gboard ဆိုတာကိုရွေးပါ။
-ပြီးရင် languages ထဲက searchbox မှာ burmese လို့ရိုက်ပြီးပေါ်လာတဲ့ burmese ကိုနှိပ်ပါ။ပြီးရင် Add ကိုနှိပ်ပါ။ဒါဆို keyboard ကိုစတင်အသုံးပြုလို့ရပါပြီ။

Gboard keyboard မှာ သဝေထိုးကို အရင်ရိုက်ရပါတယ်။ယခင်ဗားရှင်း အဟောင်းတွေမှာတော့ သဝေထိုးကို နောက်မှ ရိုက်လို့ရတာပါ။Emoji ပုံစံလေးတွေ အများကြီးပါသလို Gift ပုံလေးတွေလည်း ရပါတယ်။Translate လုပ်ဖို့လည်း အဆင်ပြေပါတယ်။Double tap အနေနဲ့တော့ Gboard မှာထောက်ပံ့မှု မပေးထားသေးပါဘူး။ဒါပေမယ့် preferences ထဲက long press delay ကိုလျှော့လိုက်ရင် double tap နီးပါး သုံးလို့ရပါတယ်။အောက်မှာ စာရိုက်နည်းတစ်ချို့ကို ဗွီဒီယိုနမူနာဖိုင်ဖြင့် ပြသထားပါတယ်။

ကျောင်း ေ + က +ျ +ာ + င + ် + း
လိမ္မော် လ + ိ +‌ေ+မ+္+မ + ာ + ်
အင်္ဂါ အ + င + ် + ္ + ဂ + ါ
ဥက္ကဋ္ဌ ဥ + က + ္ + က + ဋ + ္ + ဌ
ဣန္ဒြေ ဣ +  ေ + န + ္ + ဒ + ြ

အခု tt keyboard နဲ့ စမ်းသပ်ပြပါမယ်။tt keyboard က iOS မှာနာမည်ကြီး လူသုံးများပေမယ့် Android မှာတော့ အသုံးပြုသူနည်းပါးတယ်။tt keyboard လင့်ကို အောက်တွင် ဒေါင်းယူလိုက်ပါ။tt keyboard ကိုတော့ andriod version 4.0.3 နဲ့ အထက်ဖုန်းတွေမှာပဲ အသုံးပြုလို့ရမှာပါ။

TTKeyboard – Myanmar Keyboard ရယူရန်

-Get started ကိုနှိပ်ပါ။
-Enable in setting ကိုနှိပ်ပါ။
-Language and input setting ထဲက TTKeyboard ကိုဖွင့်ပါ။
-Switch input methods ကိုနှိပ်ပါ။
-TTKeyboard ကိုရွေးပါ။
-Configure additional settings ကိုနှိပ်ပြီး Myanmar(Myansan) ဆိုတာကိုအမှန်ခြစ်ပေးပါ။Myanmar (Zawgyi) ကိုတော့အမှန်ခြစ်ဖြုတ်ပေးပါ။
-Finished ကိုနှိပ်ပါ။ဒါဆို keyboard ကိုစတင် အသုံးပြုလို့ရပါပြီ။

tt keyboardမှာလည်း သဝေထိုးကို အရင်ရိုက်ရပါတယ်။Emojiလေးတွေလည်း အစုံပါဝင်ပါတယ်။tt keyboard မှာလက်ကွက်(၅)မျိုး ပါဝင်ပါတယ်။၎င်းတို့က
• English (UK)
• English (US)
• ZawGyi (with Smart ZawGyi)
• MyanSan
• UniZG (Unicode keyboard but can type just like ZawGyi) တို့ပဲဖြစ်ပါတယ်။
အောက်မှာ စာရိုက်နည်းတစ်ချို့ကို ဗွီဒီယိုနမူနာဖိုင်ဖြင့် ပြသထားပါတယ်။

ဂုဏဝုဍ္ဎိ ဂ + ု + ဏ + ဝ + ု + ဍ + ္ + ဎ + ိ
သဏ္ဌာန် သ + ဏ + ္ + ဌ + ာ + န + ်
ဘဏ္ဍာ ဘ + ဏ + ္ + ဍ + ာ
ပုဏ္ဏေးမ ပ + ု + ေ + ဏ + ္ + ဏ + း + မ

Facebook Comments