Chrome Browser ဖြင့်ယူနီဇော်ဂျီနှစ်မျိုးလုံးဖတ်လို့ရအောင်ပြုလုပ်နည်း (Windows 8,8.1 and 10)

မိမိတို့ကွန်ပျူတာမှာ ဇော်ဂျီပဲရှိတယ် ယူနီကုဒ်နဲ့တင်တဲ့စာတွေဖတ်လို့မရဘူး ယူနီကုဒ်ပဲရှိတယ် ဇော်ဂျီစာတွေဖတ်လို့မရဘူးဆိုရင် ဒီနည်းလမ်းလေးက တကယ့်ကိုအသုံးဝင်မှာပါ။ဒီနည်းလမ်းက ယူနီဇော်ဂျီတွေကို convert လိုပြောင်းလဲပေးတာမဟုတ်ဘဲ ယူနီကုဒ်ဆိုရင်ယူနီကုဒ်ဖောင့်ပုံစံနဲ့ပြသလို ဇော်ဂျီနဲ့တင်ထားတဲ့စာတွေဆိုရင်လည်း ဇော်ဂျီဖောင့်ပုံစံနဲ့ပြမှာပါ။ဒါကြောင့်မလို့ သုံးစွဲသူတွေဘက်က ယူနီကုဒ်လား ဇော်ဂျီလားဆိုတာကို ကွဲကွဲပြားပြားသိနိုင်ပါပြီ။ပြုလုပ်ရမယ့်နည်းလမ်းက အရမ်းလည်းလွယ်ကူပါတယ်။အောက်မှာတစ်ဆင့်ချင်း ပုံနှင့်တကွဖော်ပြပေးလိုက်ပါတယ်။အတူတူစမ်းသပ်ကြည့်ရအောင်ပါ။

အဆင့် (၁)

မိမိစက်ထဲမှာယူနီကုဒ်ဖြစ်ဖြစ် ဇော်ဂျီဖြစ်ဖြစ်တစ်ခုခုရှိနေမယ် ဒါမှမဟုတ်နှစ်ခုလုံးရှိနေမယ်ဆိုရင်လည်း ရပါတယ်။တစ်ခုမှမရှိဘူးဆိုရင်လည်း ရပါတယ်။အရင်ဆုံး chrome browser ကိုဖွင့်ပါ။ညာဘက်ထောင့်နားက လူပုံစံလေးကိုနှိပ်ပါ။

အဆင့် (၂)

Manage People ကိုနှိပ်ပါ။Add Person ကိုနှိပ်ပါ။ကိုယ်ကြိုက်တဲ့နာမည်ပေးလည်းရသလို ဒီအတိုင်းထားလည်းရပါတယ်။Save  ကိုနှိပ်ပါ။

အဆင့် (၃)

ဒါဆိုရင် Chrome Browser အသစ်တစ်ခုရလာပါလိမ့်မယ်။အဲ့ Browser မှာ Facebook အကောင့်ဝင်လိုက်ပါ။အဲ့မှာ ယူနီကုဒ်နဲ့တင်တဲ့စာတွေက မှန်ပါလိမ့်မယ်။ဇော်ဂျီနဲ့တင်တဲ့စာတွေတော့ ဖတ်လို့ရမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုရင် Windows 8,8.1 နဲ့ 10 တို့မှာ ယူနီကုဒ်ဖောင့်ပါပြီးသား ဖြစ်နေတဲ့အတွတ်ကြောင့်ပါ။

အဆင့် (၄)

Chrome Browser ရဲ့ညာဘက်ထောင့်နားက အစက်၃စက်ကိုနှိပ်ပါ။More Tools ကိုရွေးပါ။Extensions ကိုနှိပ်ပါ။

အဆင့် (၅)

Extensions ဘေးနားက အချောင်းသုံးချောင်းခြစ်လေးကို နှိပ်လိုက်ပါ။အောက်ဆုံးမှာ Open Chrome Web store ကိုနှိပ်ပါ။Search box မှာ zawgyi လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။

 

 

အဆင့် (၆)

အပေါ်ဆုံးမှာ Zawgyi Font Tagger ကိုတွေ့ပါလိမ့်မယ်။သူ့ဘေးနားက Add To Chrome ကိုနှိပ်ပါ။

အဆင့် (၇)

ခဏစောင့်ပြီးရင် Add extension ဆိုတဲ့စာပေါ်လာပါမယ်။အဲ့ဒါကိုနှိပ်လိုက်ပါ။ပြီးရင် Chrome Browser ရဲ့ဘားတန်းမှာ Z ဆိုတဲ့လေးထောင့်တုံးလေး ပေါ်လာပါလိမ့်မယ်။

အဆင့် (၈)

ပြီးရင်ခုနက Facebook စာမျက်နှာကို refresh ပြန်လုပ်ကြည့်ပါ။ဇော်ဂျီစာတွေအားလုံး ဇော်ဂျီဖောင့်ပုံစံနဲ့ မြင်ရပါလိမ့်မယ်။ယူနီကုဒ်စာတွေကိုတော့ ယူနီကုဒ်ဖောင့်ပုံစံနဲ့ မြင်ရပါလိမ့်မယ်။

ဒီနည်းလမ်းကဇော်ဂျီရော ယူနီကုဒ်ပါဖတ်လို့ရချင်တဲ့သူတွေ အားလုံးအတွတ် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။မြန်မာစာယူနီကုဒ်အတွတ် သိရှိလိုတာများရှိရင်လည်း ဖုန်းနံပါတ် -၀၉ ၄၅၅၇၃၆၉၉၉ သို့ဆက်သွယ်နိုင်သလို Facebook ကနေ ဆက်သွယ်ချင်တယ်ဆိုရင်လည်း Unicode Technical Support Myanmar  ဆိုတဲ့ လင့်ကနေဝင်ရောက် ဆက်သွယ်နိုင်ပါတယ်။Gmail ကနေဆက်သွယ်ချင်ရင်တော့ unicodetoday@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။ဒါ့အပြင် မြန်မာစာယူနီကုဒ် အကြောင်းလေ့လာချင်ရင်တော့ Unicode Today မှာဝင်ရောက် လေ့လာဖတ်ရှု နိုင်ပါတယ်ခင်ဗျာ။

Facebook Comments