Keyman 9 Keyboard

Keymagic ကဲ့သို့ အသုံးပြုပုံတူညီတဲ့ နောက်ထပ် Keyboard လက်ကွက်တခုကတော့ Keyman ပဲဖြစ်ပါတယ်။ Keyman ကို ယခင်က အခကြေးငွေဖြင့်သာ သုံးစွဲခွင့်ရခဲ့ပါတယ်။ အခု ၂၀၁၇, ဩဂုတ်လ ၂၃ မှစပြီး အခမဲ့ဖြစ်သွားပါပြီ။ Keyman ကို Windows, Mac, iPhone, iPad, Android စသည်ဖြင့် သက်ဆိုင် စနစ်များဖြင့် သုံးစွဲနိုင်အောင် ထုတ်လုပ်ပေးထားပါတယ်။
အခု Windows Version အတွက် ထည့်သွင်းသုံးစွဲနိုင်အောင် ဖေါ်ပြပေးပါမယ်။
Keyman အသုံးပြုမယ်ဆိုရင် ဒီ ၂-ခုကို ဒေါင်းပြီးထည့်သွင်းရပါမယ်။
၁။ Keyman Desktop 9.0
၂။ Keyboard Layouts ( လက်ကွက်များ )

Internet Explorer 9 အထက်ဖြစ်ရပါမယ်။

အဲဒီလင့်ကနေရယူပါ
၁။ keymandesktop-9.0.528.0.exe
၂။ Myanmar.kmp

ပြီးရင်တော့ နံပါတ်-၁ Keyman Desktop 9 exe ကိုအရင် Install လုပ်ပါ။ ပြီးရင် နံပါတ်-၂ ကိုဆက်လက် Install လုပ်ပါ။
အားလုံးထည့်သွင်းပြီးရင်တော့ Keyman ကိုဖွင့်ကြည့်ရင်လက်ကွက် ၃ မျိုးထည့်သွင်းထားတာတွေ့ရမှာဖြစ်ပါတယ်။
– myWin နှင့် myWinExt လက်ကွက်များဟာ Win Font လက်ကွက်များအတိုင်း ပြုလုပ်ထားပါတယ်။
– Myanmar3std လက်ကွက်ကတော့ Myanmar3 လက်ကွက်အတိုင်းပဲဖြစ်ပါတယ်။ အဲဒီလက်ကွက် သုံးမျိုးစလုံးဟာ မည်သည့် ယူနီကုဒ်ဖောင့်ကိုမဆို ရိုက်နှိပ်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Keyman နှင့်ပတ်သက်လို့ အသေးစိတ်လေ့လာ ချင်ရင်တော့ www.keyman.com မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

Facebook Comments