Apple ကွန်ပျူတာတွင် Keymagic ထည့်သွင်းနည်း

Keymagic ရယူရန်

1. Keymagic Keyboard ကို ရယူပြီးရင် ၂-ချက်နှိပ်ပြီး ဆက်လုပ်( install) သွားပါ။

2.System Preferences -> Language & Text ကိုဖွင့်ပါ။ Input Sources tab ကိုရွေးပါ။KeyMagic ကိုရှာပါ။KeyMagic ကိုအမှန်ခြစ်ပါ။

3. ပြီးသွားရင် Key လက်ကွက်တွေရှိတဲ့နေရာမှာ(နိုင်ငံအလံ ရှိတဲ့ နေရာ) နှိပ်လိုက်ပါ။ ပွင့်လာရင် Keymagic ကိုရွေးပေးရင်ရပြီ။
4. စာရိုက်တော့မယ်ဆိုရင် အလံရှိတဲ့ လက်ကွက်နေရာမှာ Keymagic ကိုရွေး ရမယ်။ Keymagic က လက်ကွက် ၃-၄ မျိုးလောက် ထည့်ပေးထားမှာပါ။

5. အင်္ဂလိပ်ကီးဘုတ်နှင့် မြန်မာကီးဘုတ်ကို (Command + Space bar) နှိပ်ပြီး တစ်လှည့်စီ ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

Facebook Comments