Step (1)
KaNaung Converter For Windows (Offline Converter) အားအောက်တွင်ဒေါင်းလုဒ်ရယူပါ။
KaNaungConverter_Windows ရယူရန်
Step (2)
ဒေါင်းလုဒ်ရယူထားသော zipဖိုင်ကိုဖြည်လိုက်ပါကအောက်ပါအတိုင်းဖိုင်တစ်ခုထွက်လာမည်။
Step (3)
အထက်ပါဖိုင်ကိုတစ်ချက်ထောက်၍ Left click နှစ်ချက်နိုပ်လိုက်ပါကအောက်ပါအတိုင်းမြင်တွေ့ရမည်။
Step (4)
အထက်ပါပုံမှ Converter Application နှင့် KaNaung Application နှစ်ခုအနက်မိမိကြိုက်နှစ်သက်ရာ Converter တစ်ခုကိုရွေးချယ်၍အသုံးပြုနိုင်ပါသည်။နမူနာအနေဖြင့် KaNaung Application အားအသုံးပြု၍ဖော်ပြပေးပါမည်။(အသုံးပြုပုံမှာနှစ်ခုစလုံးအတူတူပင်ဖြစ်ပါသည်။)
Step (5)
အဆိုပါ KaNaung Application ပေါ်တစ်ချက်ထောက်၍ Left click နှစ်ချက်နိုပ်လိုက်ပါကအောက်ပါအတိုင်းမြင်တွေ့ရမည်။
Step (6)
Converter ဘယ်ဖက်တွင်မိမိပြောင်းလဲမည့်ဖောင့်၏မူရင်းဖောင့်ကိုရွေးချယ်ပေးပါ။ဇော်ဂျီဖောင့်မှယူနီကုဒ်ဖောင့်ပြောင်းလဲလိုပါကConverter ၏ဘယ်ဖက်တွင် Zawgyi ဖောင့်သို့ပြောင်းပေးပါ။အထက်ပါပုံတွင် Converter ဘယ်ဖက်၌ WinInnwa ဖောင့်ဖြစ်နေရာဖောင့်ပြောင်းလဲရန် WinInnwa စာသားဘေးရှိမြှားအားနိုပ်လိုက်ပါ။
ဇယားကွက်တစ်ကွက်ပေါ်လာပြီးဖောင့်အမျိုးအစားများစွာပေါ်လာပါမည်။ မိမိမှာ Zawgyi ဖောင့်မှ Unicode ဖောင့်သို့ပြောင်းလဲလိုပါက Zawgyi−One ကို Left click တစ်ချက်ထောက်ပြီးရွေးချယ်ပေးပါ။
Step (7)
Converter ညာဖက်တွင်မိမိပြောင်းလဲအသုံးပြုမည့်ဖောင့်ကိုရွေးချယ်ပါ။ပုံတွင်ပြထားသောဖောင့်မှာ Zawgyi−One ဖြစ်နေ၍ Zawgyi−One စာသားဘေးရှိမြှားအားနိုပ်ကာ Unicode ဖောင့်အမျိုးအစားတစ်ခုကိုရွေးချယ်ပေးပါ။နမူနာအနေဖြင့် Myanmar 3 ဖောင့်ကိုရွေးချယ်ထားပါသည်။
Step (8)
မိမိပြောင်းလဲလိုသည့်စာကို copy ကူးယူပါ။
Step (9)
ထို့နောက် Converter ဆီသို့ပြန်သွားပြီး Zawgyi−One စာသားအောက်ရှိဇယားကွက်တွင်ကူးထည့်ပေးပါ။
ပုံတွင်စာကိုအမှန်မြင်နေရခြင်းမှာ Zawgyi ဖောင့်ဖြင့်ရေးသားထားသောကြောင့် Zawgyi-One အောက်တွင်အမှန်မြင်ရခြင်းဖြစ်ပါသည်။
Step (10)
Convert ကိုနိုပ်လိုက်ပါကအောက်ပါအတိုင်း Unicode ဖောင့်သို့ပြောင်းလဲသွားသည်ကိုတွေ့မြင်ရမည်။
KaNaung−Converter Tutorial PDF ဖိုင်ရယူရန်