Facebook See Conversion / ဖောင့်ပြောင်းကြည့်ပါ ဇွတ်ဖော်နည်း ( ၃ ) နည်း

မြန်မာစာ ယူနီကုဒ်စနစ်ကို စတင်အသုံးပြုသူများ အနေဖြင့် facebook တွင်ဇော်ဂျီဖြင့် ရေးသားထားသော စာများကို မှန်ကန်စွာ ဖတ်ရှုနိုင်ရန် အတွတ် converter အသုံးပြုနိုင်သလို converter အသုံးမပြုဘဲ Facebook See Conversion (သို့မဟုတ်)  ဖောင့်ပြောင်းကြည့်ပါ စာတန်းလေးပေါ်နိုပ်လိုက်ရုံဖြင့် ဇော်ဂျီဖြင့် ရေးသားထားသော စာများကို မှန်ကန်စွာ ဖတ်ရှုနိုင်ပါသည်။လတ်တလောတွင် Facebook See Conversion / ဖောင့်ပြောင်းကြည့်ပါ ဇွတ်ဖော်နည်း ( ၃ ) နည်းရှိပါသည်။

Facebook See Conversion (သို့မဟုတ်)  ဖောင့်ပြောင်းကြည့်ပါ ဇွတ်ဖော်နည်းလမ်း ( ၁ )

ဒီနည်းကတော့ ဖုန်းမှာတင်ပြုလုပ်နိုင်သလို ကွန်ပျူတာပေါ်မှာလည်း ပြုလုပ်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ကုဒ်တွေကို ကူးယူရတာဖြစ်လို့ copy and paste လုပ်တဲ့နေရာမှာ တိတိကျကျ လုပ်ဆောင်ရပါမယ်။

Fb မှာ See Conversion / ဖောင့်ပြောင်းကြည့်ပါ မပေါ်တဲ့သူတွေ translation ကို Burmese ရွေးမရတဲ့လူတွေအတွက်ပါ။ လုပ်တာကတော့ browser ထဲမှာလုပ်ရပါမယ်။ လုပ်ပြီးသွားရင် app မှာ logout လုပ် login လုပ်လို့ ကံကောင်းရင်တော့ See Conversion ပေါ်နေပါလိမ့်မယ်။

1.အရင်ဆုံးhttps://touch.facebook.com/ ကို Browser မှာဖွင့်ပြီး login လုပ်ပါ။
2. https://touch.facebook.com/settings… ကိုနိုပ်၍ new tabသွားပါ။(သို့)https://touch.facebook.com/settings/language/primary_dialect/?primarydialect=en_XX ကိုကူးယူ၍ new tabသွားပါ။(ဒီက copy ကူးဖို့ အဆင်မပြေရင် http://pastebin.com/9zsws2wY ကိုဖွင့်ကူးပါ။)
3javascript:(function()%7Bels%20%3D%20document.getElementsByName(‘primarydialect’)%3Bfor%20(i%20%3D%200%3B%20i%20%3C%20els.length%3B%20i%2B%2B)%20%7B%20%20els%5Bi%5D.value%20%3D%20’my_MM’%20%7Ddocument.getElementsByTagName(‘form’)%5B0%5D.submit()%7D)() ကို copy ကူးပါ။ (ဒီက copy ကူးဖို့ အဆင်မပြေရင် http://pastebin.com/9zsws2wY ကိုဖွင့်ကူးပါ။)
4. copy ကူးထားတာကို https://touch.facebook.com/settings…ဖြင့်ဖွင့်ထားသော browser address bar မှာ paste ပြီး enter နှိပ်လိုက်ပါ။(ရှေ့က javascript: ဆိုတာလေးက paste လုပ်လိုက်ရင် မပါဘူးဖြစ်နေတတ်ပါတယ် အဲဒီအခါ လက်နဲ့ javascript: ဆိုပြီး ပြန်ရေးပြီမှ enter နှိပ်ပါ။)
5. Facebook app မှာ logout လုပ်ပါ login ပြန်လုပ်ပါ။
6. ဆုတောင်းပါ 😛 See Conversion ရပါပြီ။

နည်းလမ်းမျှဝေပေးပါသော ကိုThant Thet  နှင့် video မူရင်းတင်သူအား Credit ပေးပါသည်။

Facebook See Conversion (သို့မဟုတ်)  ဖောင့်ပြောင်းကြည့်ပါ ဇွတ်ဖော်နည်းလမ်း ( ၂ )

ဒီနည်းလမ်းကတော့ ကွန်ပျုတာ ပေါ်ကနေသာ ပြုလုပ်လို့ ရမှာဖြစ်ပါတယ်။

See Conversion အလိုမတူပဲ ဖေါ်နည်း နောက်တစ်မျိုးပါ။ကွန်ပြူတာတော့ လိုပါတယ်။Inspect tool ပေါ်လာဖို့က လွတ်တဲ့နေရာမှာ ညာကလစ်နိပ်ပြီး inspect ဆိုရင် ရပါပြီ။ Shortcut ကတော့ ctr+shift+C ပါ။လုပ်သွားတာကတော့ ကြိုက်တဲ့ ဘာသာစကား ကိုရွေးပြီး အဲ့သာသာစကားရဲ့ ကုဒ်နေရာမှာ my_MM ထဲ့ပြီး သိမ်းလိုက်တာပါ။

နည်းလမ်းနှင့် video မျှဝေပေးပါသော ကိုThix Pin အား credit ပေးပါတယ်။

Facebook See Conversion (သို့မဟုတ်)  ဖောင့်ပြောင်းကြည့်ပါ ဇွတ်ဖော်နည်းလမ်း ( ၃ )

ဒီနည်းလမ်းကတော့ ကွန်ပျူတာ မလိုအပ်ဘဲ ဖုန်းမှာတင် ပြုလုပ်ရမှာ ဖြစ်တဲ့အတွတ် လူတိုင်းလွယ်ကူစွာ လုပ်ဆောင်နိုင် မှာဖြစ်ပါတယ်။

ပထမဆုံး အောက်က app လေးကို ဒေါင်းပါ။Direct link နဲ့ Google play store link နှစ်ခုတင်ပေး လိုက်ပါတယ်။ကြိုက်နှစ်သက်ရာ လင့်မှဒေါင်းပါ။
Web Inspector ရယူရန် ( Pcloud link )
Web Inspector ရယူရန် ( Google play store link )

ဒေါင်းပီးရင် ဖွင့်လိုက်ပါ(internet လေးတော့ ဖွင့်ထားပေးပါ)

ပြီးရင်ပုံပါအတိုင်းအဆင့်ဆင့်လုပ်ဆောင်သွားပါ။

ဖွင့်ပြီးရင် အနီနဲ့ဝိုင်းထားတဲ့ နေရာလေးကို တစ်ချက်နှိပ်ပါ။

ပြီးရင်ပေါ်လာတဲ့ အကွက်ထဲမှာ touch.facebook.com ကိုသွားပါ။

ပြီးရင် facebook အကောင့်ဝင်ပါ။

facebook အကောင့်ဝင်ပြီ:ရင် fb menu > Account Setting > Laguage ထိဝင်လိုက်ပါ။အဲ့မှာ translate language က English ဖြစ်နေပါတယ်။(အပေါ်ကပုံလိုတွေ့ရပါမယ်)အဲ့အနီဝိုင်းထားတဲ့ နေရာကိုဆက်ဝင်လိုက်ပါ။

ပြီးရင် ညာဘက် အပေါ်ထောင့်က အစက်ကလေး သုံးစက်ကိုနှိပ်ပါ။(အပေါ်ကပုံတွင်ကြည့်ပါ)

Touch Inspector ကိုရွေးပါ။(Inspector ကိုဖွင့်လိုက်ပါပြီ)

အပေါ်ကပုံလို မြင်ရရင် အနီနဲ့ဝိုင်းထားတဲ့ PARENT ကိုနှိပ်ပါ။

အပေါ်ကပုံလိုဖြစ်သွားရင်အနီနဲ့ဝိုင်းထားတဲ့ English နဲ့ en_XX ဆိုတဲ့နေရာမှာ Burmese နဲ့ my_MM လို့ရေးပါမယ်။

#စာလုံးပေါင်းမမှားရပါ။

#English နေရာတွင် Burmese နှင့် en_XX နေရာတွင် my_MM လို့သာပြင်ရမည်ဖြစ်ပြီး တခြားမည့်သည်ကိုမျှမပြင်ရ။

အပေါ်ကပုံလို ဖြစ်သွားပါမယ်။ပြီ:ရင် save ကိုနှိပ်ပါ။

နောက်တစ်ခါ စောနက အပေါ်က အဆင့်လို ထပ်ကျလာပါမယ်။အပေါ်ကလိုဘဲ PARENT > ပြင် > Save လုပ်ပါ။

#နှစ်ခါပြင်ရပါမယ်။

#နှစ်ခါလုံးပြင်ရတာပုံစံတူပါဘဲ။

Save လည်းပြီးရော စောနက English ဆိုတဲ့နေရာမှာ Burmese ဖြစ်သွားပါပြီ။ဝမ်းသာအားရနဲ့ save ကိုမနှိပ်ပါနဲ့ဦး။Inspector ဝင်ထားတာမို့ နှိပ်သမျှ code တွေထွက်နေမှာမလို့ပါ။

စောနကလို Touch Inspector ကိုတစ်ချက်နှိပ်လိုက်ပါ။Inspector ကိုပြန်ပိတ်လိုက်ပါပြီ။(အပေါ်ကပုံလို) ပီ:မှ save ကိုနှိပ်ပါ။

ကဲဒါဆိုပြီးပါပြီဗျာ။

See Conversation ဆိုတာကြီ:က ပေါ်လာပါပြီ။

နည်းလမ်းမျှဝေပေးသော ကို ဆက် ကြီး နှင့် video တင်ပေးတဲ့ Aung Pyae Sone တို့အား credit ပေးပါတယ်။

Facebook Comments